Main menu

ကံမမြို့၌ စားသုံးသူများဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် သရက်ခရိုင်ဦးစီးမှူးရုံးမှ ကံမမြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်းသည် ကံမမြို့ပေါ်ရှိ ဈေးကွက်များအတွင်း ရောင်းချဖြန့်ဖြူးလျက်ရှိသောကုန်စည်များအား ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက် (၂-၁၁-၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာနတို့ပါဝင်သော မိတ်ဖက်ဌာနအဖွဲ့များနှင့်ပူးပေါင်း၍ ကံမမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ကုန်စုံစတိုးဆိုင်(၃)ဆိုင်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံသည့်ကုန်စည်တို့ကို ဈေးကွက်အတွင်းရောင်းချနေမှုရှိ/မရှိတို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

     ထိုသို့စစ်ဆေးရာတွင် ကံမမြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်းက ကုန်စုံစတိုးဆိုင်များတွင် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့်ဖော်ပြပါရှိသော ကုန်စည်များကိုသာရောင်းချရန်၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းလွန်ရက်စွဲများကို အလေးထားကြည့်ရှုရောင်းချရန်နှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အရ ကုန်စည်အုပ်စု(၈)အုပ်စုတွင်ပါရှိသောအချက်များအား ပြည့်စုံမှန်ကန်စွာပါရှိသည့်ကုန်စည်များနှင့် ကုန်အညွှန်းအမှတ်အသားတွင် မြန်မာဘာသာဖြင့်ဖော်ပြပါရှိသော ကုန်စည်များသာရောင်းချရန် အသိပညာပေးဆွေးနွေးပြောကြားပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)