Main menu

မကွေးမြို့တွင် စက်မှုဇုန်တစ်ခုအကောင်အထည်ဖော်ဆောင်လျက်ရှိ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၏ အစည်းအဝေးခန်းမ၌ (၁-၁၁-၂၀၂၃)ရက်နေ့၊  နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ စက်မှုဇုန်ဖော်ဆောင်ရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သတ်၍ စီးပွားရေးလုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံပြီး ချပြရှင်းလင်းဆွေးနွေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။

   အဆိုပါတွေ့ဆုံပွဲတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချူပ် ဦးတင့်လွင်၏လမ်းညွှန်ချက်များအရ မကွေးတိုင်းဒေသကြီး၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးများတက်ရောက်ဆွေးနွေးခဲ့ကြပြီး မကွေးစက်မှုဇုန်ဖော်ဆောင်ရေးအတွက် အကောင်းဆုံးသင့်တော်မည့် မြေနေရာကိုရှာဖွေပြီးဖြစ်ကြောင်း၊ အဆိုပါ မကွေးမြို့၊ စက်မှုဇုန်ဖွဲ့စည်းတည်ဆောက်မှုပုံစံကို တိုင်းဒေသကြီးမြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒီဇိုင်းရေးဆွဲထားပြီးဖြစ်ကြောင်း၊ စက်မှုဇုန်မှာ (၃၈၂.၅၂)ဧကကျယ်ဝန်းပြီး မကွေးမြို့သို့ (၃)မိုင်၊ မကွေး-တောင်တွင်းကားလမ်းသို့ (၁)မိုင်၊ လျှပ်စစ်ဓာတ်အားခွဲရုံသို့ (၁)မိုင်၊ ကွန်ပျူတာတက္ကသိုလ်သို့ (၇)ဖာလုံ၊ တပ်မတော်အကြီးစားစက်ရုံသို့ (၅)ဖာလုံနှင့် ဧရာဝတီမြစ်သို့ (၁)မိုင်ခွဲကွာဝေးကြောင်း၊  မကွေးမြို့စက်မှုဇုန်ကို အကောင်အထည်ဖော်ဆောင်ရွက်မည့် စက်မှုဇုန်ရင်းနှီးတည်ဆောက်သူ (Developer)များအတွက် Expression of interest (EOI) ခေါ်ယူခြင်းကို (၁၁-၁-၂၀၂၃) ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ထည့်သွင်းကြော်ငြာခဲ့ပြီးဖြစ်ကြောင်း၊ (၁၆-၁၁-၂၀၂၃)ရက်နေ့နောက်ဆုံးထား၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ လျှောက်ထားရမည်ဖြစ်ကြောင်းနှင့် မကွေးစက်မှုဇုန်အတွင်း ရင်းနှီးမြှုပ်နှံသူ (Investor)များအတွက် Expression of interest (EOI) လျှောက်လွှာများကို သက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများတွင် အခမဲ့ထုတ်ယူနိုင်ပြီး (၁၃-၁၁-၂၀၂၃)ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များ၏ သိလိုသည်များအပေါ် ပြန်လည်ဆွေးနွေးပြောကြားခဲ့ကြောင်းသိရပါသည်။

DOCA(မကွေး)