Main menu

ဂွမြို့ ၊ မြို့မဈေးကြီးအတွင်းနှင့် မြို့ပေါ်ရှိကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

Powered by Drupal

    ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သံတွဲခရိုင်၊ ဂွမြို့နယ်တာဝန်ခံ ဒေါ်မာမာလေး (ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်တွင်းအခွန်များဦးစီးဌာန ၊ မီးသတ်ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၁-၁၁-၂၀၂၃) ရက်နေ့ ၊ နံနက် (၈:၃၀) နာရီ အချိန်တွင် ဂွမြို့၊ မြို့မဈေးကြီးနှင့် မြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသောက်ကုန်ပစ္စည်းများအား စားသုံးသူပြည်သူများ     ဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူစားသုံးနိုင်ရေး၊ ကုန်ပစ္စည်းများပေါ်၌ သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ ဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ ရွေးချယ်ဝယ်ယူသုံးစွဲနိုင်ရေး ရည်ရွယ်၍ ဈေးကွက်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဂွမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်စံပါယ်မြင့်က ဈေးအတွင်းရောင်းချနေသော ဆိုင်ပိုင်ရှင်များအား စည်ပင်သာယာရေးဥပဒေအရ ညွှန်ကြားချက်များအတိုင်း စည်းကမ်းရှိရှိရောင်းချကြရန် ရှင်းလင်းပြောကြားခြင်း၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ ဦးဇော်နိုင်(ဦးစီးမှူး)က ကုန်စုံဆိုင်များတွင် အခွန်ပေးဆောင်ပြီး ကြောင်းပြေစာများကို အများပြည်သူမြင်နိုင်သည့်နေရာတွင် ကပ်ထားရန် လိုအပ်ကြောင်းရှင်းလင်းပြောကြားပြီးနောက် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဒေါ်မာမာလေး(ဦးစီးမှူး)က ဈေးအတွင်း၌ အသား၊ငါး ရောင်းချသူများအား ဈေးနှုန်း ၊ အလေးချိန်မှန်ကန်စွာ ရောင်းချရန်လိုအပ်ကြောင်းနှင့် ကုန်စုံဆိုင် ရောင်းချသည့် ဈေးဆိုင်ပိုင်ရှင်များအား ရောင်းချနေသောကုန်စည်များသည် ဝယ်ယူစားသုံးသူမိဘ ပြည်သူများအား ဘေးဥပါဒ်မဖြစ်စေရေးအတွက် မိမိတို့နိုင်ငံမှသက်ဆိုင်ရာဌာနများ၏ ထောက်ခံချက် ပါရှိမှု၊ ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့်ဖြစ်စေ (သို့မဟုတ်) မြန်မာဘာသာနှင့် အခြားဘာသာတွဲလျက်ဖော်ပြထားသော ကုန်စည်များကို ရွေးချယ်ရောင်းချရန် လိုအပ်ပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေအရ မည်သည့်စီးပွားရေးလုပ်ငန်း ရှင်မဆို ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်ပစ္စည်းအမျိုး အစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ဖော်ပြရန်လိုအပ်ပြီး မြန်မာဘာသာ (သို့မဟုတ်) မြန်မာ ဘာသာနှင့် အခြားဘာသာတွဲလျက်ဖော်ပြရမည့်ဖြစ်သည့်အတွက် ရောင်းချသည့်ဈေးဆိုင်လုပ်ငန်းရှင်များအနေဖြင့်လည်း စားသုံးသူကာကွယ်ရေးဥပဒေပြဌါန်းချက်များအား လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း အသိပညာပေးပြောကြားပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)