Main menu

စားအုန်းဆီဈေးနှုန်းများကို သတ်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချနိုင်ရေး ကွင်းဆင်းကြပ်မတ်

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (၃)ရက်နေ့၊ နံနက်(၀၈;၃၀)နာရီအချိန်မှစ၍ မြန်မာနိုင်ငံဆီကုန်သည်များအသင်းနှင့် ကယားပြည်နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းတို့ချိတ်ဆက်၍ ဖြန့်ဖြူးရောင်းချလျက်ရှိသောစားအုန်းဆီတို့ကို ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ၊ အချိန်အတွယ်ပြည့်မီမှုရှိ/မရှိကို မြို့နယ်စားအုန်းဆီနှင့် ဆန်ရောက်ရှိမှုစိစစ်ကြီးကြပ်ရေးအဖွဲ့ဖြင့်ပူးပေါင်း၍ ကွင်းဆင်းကြပ်မတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ဆောင်ရွက်ရာတွင် ကယားပြည်နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက အောက်တိုဘာလ(၂၄)ရက်နေ့မှ (၂၈)ရက်နေ့အထိ လက်ကားရည်ညွှန်းဈေးတစ်ပိဿာ (၄၇၂၅)ကျပ်အပေါ်အခြေခံ၍ အရောင်းဈေးထပ်ပေါင်းပြီး တစ်ပိဿာ (၅၃၀၀)ကျပ်ဖြင့် လူတစ်ဦးလျှင် တစ်ပိဿာနှုန်းရောင်းချပေးလျက်ရှိသည်ကို စစ်ဆေးတွေ့ရှိရပါသည်။

   ထို့ပြင် စားအုန်းဆီများရောင်းချရာတွင် အချင်အတွယ်မှန်ကန်မှုရှိစေရေး၊ ဝန်ထမ်းများနှင့် ပြည်သူများလက်ဝယ်သို့ သက်သာသောနှုန်းထားဖြင့် အမှန်တကယ်ရောင်းချစေရေး၊ ဈေးနှုန်းများအဆမတန်မြှင့်တင်ရောင်းချမှုမရှိစေရေးနှင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုမရှိစေရေး၊ စားသုံးသူလက်ဝယ်သို့ အမှန်တကယ်တိုက်ရိုက်ရောက်ရှိစေရေးတို့အတွက် စားအုန်းဆီရောင်းချလျက်ရှိသော ဈေးကား(၂)စီးတို့အား မြေပြင်အခြေအနေကွင်းဆင်းကြပ်မတ်မှုများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)