Main menu

ညောင်ဦးမြို့နယ်၊ အနောက်အုံကျေးရွာရှိ ပဲကြော်လုပ်ငန်းများအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းဆောင်ရွက်

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးသန်းစိုး ဦးဆောင်၍(၂၄.၁၀.၂၀၂၃)ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်တွင် ညောင်ဦးမြို့နယ်၊ အနောက်အုံကျေးရွာရှိ ပဲကြော်လုပ်ငန်းများတွင်စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများနှင့်ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကွင်းဆင်း ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များအား ဦးစီးအရာရှိ ဦးသန်းစိုးမှ လုပ်ငန်းရှင်များအား မိမိတို့သည် စားသုံးကုန်များအား ထုတ်လုပ်သူများ ဖြစ်သည့်အတွက် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် ထုတ်လုပ်သည့်ကုန်ကြမ်းပစ္စည်းများမှစ၍ အရည်အသွေး ကောင်းမွန်ပြည့်ဝပြီး သန့်ရှင်းလတ်ဆတ်သောကုန်ကြမ်းများဖြင့် သန့်ရှင်းသပ်ရပ်စွာသုံးစွဲထုတ်လုပ် ကြရန်လိုအပ်ကြောင်း၊ ထုတ်လုပ်သည့်လုပ်ငန်းစဉ်တစ်လျှောက်တွင် အသုံးပြုရသည့်ပစ္စည်းကိရိယာများ သန့်ရှင်းစင်ကြယ်ရန်နှင့် အစားအစာများ ထိတွေ့ကိုင်တွယ်မှု ပြုလုပ်သူလူပုဂ္ဂိုလ်များမှာလည်း သန့်ရှင်းပြီး ကျန်းမာရေးကောင်းမွန်သူများလည်းဖြစ်ရန်လိုအပ်ကြောင်း၊ စားသုံးသူကာကွယ် ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်ဆိုသည်မှာ ကုန်စည်ကိုထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြန်လည်ရောင်းချခြင်းကိုဖြစ်စေ၊ ထောက်ပံ့ပေးခြင်းကိုဖြစ်စေ၊ ဝန်ဆောင်မှု ပေးခြင်းကိုဖြစ်စေ၊ ကြော်ငြာလုပ်ငန်းလုပ်ကိုင်ခြင်းကိုဖြစ်စေ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းနှင့်သော်လည်းကောင်း ဆောင်ရွက်သူကို ခေါ်ဆိုခြင်းဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကိုလည်းကောင်း၊ ဆက်လက်၍ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ဖော်ပြရမည့်အချက်များအား သိသာထင်ရှားစွာဖော်ပြရမည်ဖြစ်ပါကြောင်း၊ မိမိထုတ်လုပ်သောကုန်စည်နှင့်ပတ်သက်၍ စားသုံးသူမှ တစ်စုံတစ်ခုနစ်နာ  ဆုံးရှုံးမှုများရှိလာ၍ အရေးဆိုတိုင်ကြားသည့်အခါ ဥပဒေနှင့်အညီ စစ်ဆေးအရေးယူ မှုများ ဆောင်ရွက်ခံရမည်ဖြစ်ပါကြောင်းနှင့် ၎င်းတို့လုပ်ငန်းနှင့်သက်ဆိုင်သည့် ဖော်ပြပါဝင်ရမည့် ကုန်အညွှန်းအမှတ်အသားများ၊ သိရှိလိုသည့်အချက်အလက်များအား ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)