Main menu

မွန်ပြည်နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု Thursday Talk ကျင်းပပြုလုပ်

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်အထောက်အကူပြု Thursday Talk ကို ၂.၁၁.၂၀၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ရုံးနှင့် မော်လမြိုင်ခရိုင်ရုံးမှ ဝန်ထမ်းစုစုပေါင်း (၂၅) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Thursday Talk အသိပညာပေး ဟောပြောဆွေးနွေးပွဲတွင် ပြည်နယ်ဦးစီးမှူးက အဖွင့်အမှာစကားပြောကြားပြီးနောက် ပြည်တွင်း ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့်သုတေသနဌာနခွဲ၊ ဒုဦးစီးမှူး ဦးအောင်မြင့်မြတ်က မွန်ပြည်နယ်၏ ဈေးကွက်အလားအလာရှိသော သီးနှံများအကြောင်းအရာအားလည်းကောင်း၊ စားသုံးသူရေးရာဌာနခွဲ၊ ဒုဦးစီးမှူး ဒေါ်ခင်ကြည် က Multi Level Marketing အကြောင်းအားလည်းကောင်း၊ စီမံရေးရာဌာနခွဲ အကြီးတန်းစာရေး ဦးနိုင်လင်းထက်က ပြည်သူ့ဆက်ဆံရေးပညာအကြောင်းကိုလည်းကောင်း၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ၊ အငယ်တန်းစာရေး ဒေါ်သဇင်ဖြိုးမြတ်က Communication & Public Speaking အကြောင်းအားလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများမှ သိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)