Main menu

Parbisure အမှတ်တံဆိပ်ဆေးဝါးများအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

   ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ(၂)ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ပြည်နယ်စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များပူးပေါင်း၍ ရှမ်းပိုင်းရပ်ကွက်၊ ရွှေတောင်ရပ်ကွက်နှင့် သီရိမင်္ဂလာဈေးအတွင်းရှိ ဆေးပစ္စည်းနှင့်ဆေးဝါးအမျိုးမျိုး တင်သွင်းရောင်းချနေသော ဆေးဆိုင်များသို့ Pabrinex (IV/HV Injection)အကြောအားဆေးနှင့် (Composition & Strength) ဘူးခွံ design ဆင်တူဖြင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်နှင့်တရားဝင်ဆေးဝါးမှတ်ပုံတင် ခွင့်ပြုအမှတ်DRC No. နှင့်  Insert ပါရှိခြင်းမရှိသော Parbisure အမှတ်တံဆိပ်ပါဆေးဝါးများ ရောင်းချနေမှု ရှိ/မရှိကို မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါ သည်။

   လွိုင်ကော်မြို့နယ်အတွင်းရှိ ဆေးဆိုင်(၉)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဈေးကွက်အတွင်း ဆေးဝါးမှတ်ပုံတင်ခွင့်ပြုအမှတ် မပါရှိသော Parbisure အမှတ်တံဆိပ်(IV/HN Injection) ဆေးဝါးများအား တင်သွင်းဖြန့်ဖြူးရောင်းချမှုမရှိကြောင်းနှင့် အဆိုပါအမှတ်တံဆိပ် ဆေးဝါးများအား တင်သွင်းရောင်းချပါက သက်ဆိုင်ရာဌာန၏ ဥပဒေအရ အရေးယူမှုများခံရမည် ဖြစ်ကြောင်း အသိပညာပေးစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)