Main menu

စားသုံးဆီထုတ်လုပ်ဖြန့်ဖြူးသောလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး(ရုံးအုပ်)သည် ၂.၁၁.၂၀၂၃ ရက်နေ့တွင် မိုးညှင်းမြို့ ၊နားခါရပ်ကွက်အတွင်းရှိ စားသုံးဆီထုတ်လုပ်ဖြန့်ဖြူးသောလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ ပါသည်။

      ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပါယ်နှင့် ဝန်ဆောင်မှု၏ အဓိပ္ပါယ် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ စားသုံးဆီနှင့်ပတ်သက်၍ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)အရ ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသော ကုန်စည်၏ အမျိုးအမည်ကိုတိကျစွာ မြန်မာဘာသာဖြင့် ဖော်ပြရန်၊ ကုန်စည်၏ အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာအလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာဖြင့်ဖော်ပြရမည်ဖြစ်ကြောင်း၊ စားသုံးဆီဖြန့်ဖြူးရောင်းချသော လုပ်ငန်းရှင်များအနေဖြင့် ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)ကို လိုက်နာဆောင်ရွက်မှု မရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် ကိုက်ညီမှုရှိ/မရှိ စားသုံးသူရေးရာဦးစီးဌာနတွင် လာရောက်လျှောက်ထားနိုင်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားကိုက်ညီမှုမရှိသည့် ကုန်စည်များကို ထုတ်လုပ်ခြင်း၊ကုန်သွယ်ခြင်း သို့မဟုတ် ရောင်းချခြင်းမပြုရန် ရှင်းလင်းဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)