Main menu

မောင်တောမြို့ပေါ်ရှိ ကုန်မျိုးစုံအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေး

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်   ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊ မောင်တောမြို့နယ် တာဝန်ခံ ဦးအောင်ထွန်းမြ (ဒု-ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့်   ၂၀၂၃ ခုနှစ် ၊ နိုဝင်ဘာလ (၁)ရက် နေ့ နံနက် (၁၀:၀၀) အချိန်တွင် မောင်တောမြို့ပေါ်ရှိ  မြို့မအရှေ့ ရပ်ကွက်၊ မြို့မတောင်ရပ်ကွက်ရှိ ကုန်မျိုးစုံအရောင်းဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့် ကြည့် စစ်ဆေးခဲ့ပါသည်။

       ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မောင်တောမြို့နယ်တာဝန်ခံ က ကုန်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)တွင် ပြဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းတွင် ပါဝင်သောကုန်စည်၏ တံဆိပ်အမှတ်အသား၊ အမျိုးအမည်၊ အရွယ်အစား ၊အရေအတွက်နှင့်အသားတင်ပမာဏ ၊ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း ၊ထုတ်လုပ်သည့်အမည်နှင့်လိပ်စာ၊ ပါဝင်ပစ္စည်းများ၊ ဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်းဖော်ပြချက် ၊ ကြိုတင်သတိပေးချက်၊ သက်ဆိုင်ရာအစိုးရ ဌာနများက သတ်မှတ်ထားသော အချက်အလက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ၊ စီးပွားရေး လုပ်ငန်းရှင်များသိရှိလိုက်နာရမည့်တာဝန်များ၊ တားမြစ်ချက်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူနိုင်မည့်အချက်များ ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူအခွင့်အ‌ရေးနှင့်တာဝန်များပါရှိသည့် စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရခိုင်)