Main menu

ဘားအံမြို့၊ ကျက်သရေဆောင် ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်၌ (၇၄) ကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲကျင်းပ

Powered by Drupal

     ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ကရင်ပြည်နယ်၊ ဘားအံမြို့၊ ကျက်သရေဆောင် ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်မြတ်ကြီးရှေ့၌  (၇၄) ကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲကို (၂၅-၁၀-၂၀၂၃) ရက်နေ့၊ နံနက် (၀၇:၀၀) နာရီအချိန်တွင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်းသိရသည်။

    ယင်းဆွမ်းလောင်းလှူပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် တာဝန်ရှိသူများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ တိုင်းရင်းသားပြည်သူများက ဘားအံမြို့ပေါ်ရှိ ကျောင်းတိုက်ပေါင်း (   ၅၄   ) ကျောင်းနှင့် သီလရှင်ကျောင်း (   ၁၄   ) ကျောင်းတို့မှ ရဟန်း၊ သီလရှင်  ( ၂၅၀၀ ) ပါးခန့်တို့အား စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူး ဦးသန်းဦးနှင့် ပြည်နယ်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများပူးပေါင်းပါဝင်စုပေါင်းလောင်းလှူခဲ့ကြပါသည်။ နှစ်စဉ်ကျင်းပမြဲဖြစ်သော (၇၄) ကြိမ်မြောက် သီတင်းကျွတ်လဆန်း (၁၁) ရက်နေ့တွင် ဆွမ်းဆန်လောင်းလှူပွဲကို ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်ရှေ့မှ ကမ်းနားလမ်းတစ်လျှောက် စည်ကားသိုက်မြိုက်စွာ  ကျင်းပခဲ့ပြီး နံနက် (၀၈:၃၀)  နာရီအချိန်တွင်ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)