Main menu

ကံမမြို့တွင် ပလတ်စတစ် (Campaign)နှင့် စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ၊မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ကံမမြို့နယ်တာဝန်ခံ၊ ဒုဦးစီးမှူး ဒေါ်နွဲ့ယဉ်ဝင်းသည် (၂၃-၁၀-၂၀၂၃)ရက်နေ့၊ နံနက်(၀၇:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေး၊ မီးသတ်တပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သရက်ခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)တို့နှင့်ပူးပေါင်း၍ ပလတ်စတစ်အိတ်နှင့် ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျှော့ချရေး ကမ်ပိန်း(Campaign) ပြုလုပ်ခြင်းနှင့် ကြွပ်ကြွပ်အိတ်အစားထိုး အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းအား သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ဆောင်ရွက်ခဲ့ပါသည်။

       နံနက်(၁၀:၀၀)နာရီအချိန်တွင် သရက်ခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)ပါဝင်သောအဖွဲ့စုံဖြင့် စားသုံးသူများဘေးကင်းလုံခြုံစိတ်ချမှုရှိစေရေး ကံမမြို့၊ အမှတ်(၁/၂/၃/၄) ရပ်ကွက်ရှိ ဆေးနှင့်ဆေးပစ္စည်းအ‌ရောင်း ဆိုင်(၅)ဆိုင်များတွင် FDA မှ DRC No. နှင့် Insert ပါရှိခြင်းမရှိသော Parbisure အမှတ်တံဆိပ်ပါ ဆေးဝါးများ ဈေးကွက်အတွင်း ရောင်းချနေမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကံမမြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်းမှလည်းလုပ်ငန်းရှင်များအား တရားမဝင် ဆေးဝါးများကို ဈေးကွက်အတွင်းသို့ တင်သွင်းရောင်းချခြင်းမပြုရန်၊ စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့်ဖော်ပြပါရှိသော ကုန်စည်များသာ ရောင်းချရန်နှင့် ထုတ်လုပ်သည့် ရက်စွဲ၊ သက်တမ်းလွန်ရက်စွဲများကို အလေးထားကြည့်ရှု ရောင်းချရန် အသိပညာပေးဆွေးနွေး ပြောကြားပြီး ဥပဒေနှင့်မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက် (၂/၂၀၁၉) လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

DOCA(မကွေး)