Main menu

ပခုက္ကူမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများရှိ စားသုံးသူပြည်သူများထံသို့ စားအုန်းဆီများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိ

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်ဦးဆောင်၍ ၂၀၂၃ခုနစ်၊ အောက်တိုဘာလအတွင်း ပခုက္ကူမြို့နယ်အတွင်းရှိ စားအုန်း ဆီရောင်းချလျက်ရှိသောဈေးကားများသို့ လက်လီဈေးကွက်အတွင်း သတ်မှတ်ထားသည့် ဈေးနှုန်းများဖြင့် ရောင်းချခြင်းရှိ/မရှိ ၊ အချင်အတွယ်မှန်ကန်မှုရှိ/မရှိ ကွင်းဆင်းကြပ်မတ်ခဲ့ပါသည်။

   ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာနမှကြီးကြပ်၍ ပခုက္ကူမြို့ပေါ်ရှိ  စားသုံးဆီရောင်းချသော လုပ်ငန်းရှင်/ဆီကုန်သည်များက  မြို့ပေါ်ရှိရပ်ကွက် (၁၅) ခုမှ စားသုံးသူပြည်သူများထံသို့ လည်းကောင်း၊  မြို့နယ်အတွင်းရှိ  လက်ပကန်၊ မကျီးကိုးပင်၊ အမှတ် (၁၁) အထည်ချုပ်၊ မီးရထားဝန်ထမ်းများ၊ စိုတွင်းကျေးရွာ၊ ကျွန်းညိုကြီး၊ ကြပ်တန်းကုန်း၊ လမ်းရွာ၊ ရွှေတန့်တစ်၊ ထိန်ပင်ခုံ၊ လေးလံကျွန်း၊ ချောက်ဦးသာ၊ ကျွန်းပုလု၊ ကြီးရွာ၊ ပေါင်လောင်ကန်၊ ကွန်းရွာ၊ ဆင်မင်း၊ ရေလယ်သောင်၊ ကုက္ကိုလှ၊ ရွာသစ်ကုန်း၊ ဘောလုံးခုံ၊ ဘွက်ကုန်ုး၊ ကျောက်စောင်း၊ ထန်းပင် ခြောက်၊ မြို့သစ်၊ ရွှေချောင်းကျွန်း၊ အေးကျွန်းစသည့်ကျေးရွာရှိ ပြည်သူများထံသို့လည်းကောင်း စားသုံးဆီဈေးကားဖြင့် အိမ်ထောင်စုတစ်စုလျှင် တစ်ပိဿာနှုန်းဖြင့် တိုက်ရိုက်ရောင်းချပြီး စားအုန်းဆီ တစ်ပိဿာလျှင် ကျပ်(၄၈၀၀)ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)