Main menu

စက်သုံးဆီဆိုင်များ၊ ဆီပြတ်လပ်မှုမရှိစေရေးနှင့်ဈေးနှုန်းမြှင့်တင် ရောင်းချမှုမရှိစေရေးအဖွဲ့များဖြင့် ပူးပေါင်းဆောင်ရွက်

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တာဝန်ခံ ဒေါ်ဌေးဌေးဝင်း(ဒု-ဦးစီးမှူး)သည် (၂၂.၁၀.၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပွင့်ဖြူမြို့ပေါ်ရှိ စက်သုံးဆီရောင်းချနေသောဆီဆိုင်(၃)ဆိုင်အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဆောင်သော ဌာနဆိုင်ရာများနှင့်အဖွဲ့များသည် ရှောင်တခင်ဝင်ရောက်၍ သတ်မှတ်ထားသောအခြေခံရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိ/မရှိ ပူးပေါင်း ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

  ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များသည် မြို့ပေါ်ရှိစက်သုံးဆီရောင်းချနေသောဆီဆိုင် ရာစုသိန်းစက်သုံးဆီဆိုင်၊ Green Leaf စက်သုံးဆီဆိုင်နှင့် မင်းထက်ကြွယ်စက်သုံးဆီဆိုင်ပိုင်ရှင်များအား စက်သုံးဆီဈေးနှုန်းများအား မြှင့်တင်ရောင်းချခြင်းမရှိစေရေး၊ အချိန်အတွယ်များမှန်ကန်စေရေးနှင့် စံနမူနာခွက်များဖြင့် ချိန်တွယ်ကြည့်ခြင်း၊ စက်သုံးဆီဆိုင်များအား ဆီပြတ်လပ်မှုမဖြစ်ပေါ်စေရေး၊ ဆီလက်ကျန်အခြေအနေများနှင့် ဆီဆိုင်များအားပိတ်ထားခြင်းမဖြစ်ပေါ်စေရေးတို့ကို ဆွေးနွေးပြောကြားခဲ့ပါသည်။

DOCA(မကွေး)