Main menu

မင်းဘူးမြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများထံသို့ စားအုန်းဆီများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိ

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်အတွင်းရှိပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေရေးအတွက် စားအုန်းဆီများအားရောင်းချပေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မင်းဘူးမြို့နယ်တာဝန်ခံ ဦးမြင့်ကြည်(ရုံးအုပ်)သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက် လျက်ရှိပါသည်။

  (၂၄.၁၀.၂၀၂၃)ရက်နေ့တွင် မင်းဘူးမြို့နယ်အတွင်းရှိ ဆီကုန်သည်များအနက် ဦးအေးငွေဆီစက်မှ တုံကင်စနစ်ဖြင့် စားအုန်းဆီ(၁)ပိဿာလျှင် ကျပ်(၄၈၀၀)နှုန်းဖြင့် မြို့ပေါ်ရပ်ကွက်မှ အိမ်ထောင်စု(၅၅၀)စုအတွက် စားအုန်းဆီပိဿာ(၅၅၀)ပိဿာ၊ မကွေးတိုင်းဒေသကြီး ဆီကုန်သည် အသင်းမှ စားအုန်းဆီ(၁)ပိဿာလျှင် ကျပ်(၄၇၀၀)နှုန်းဖြင့်  နေ့လယ်(၁၃:၀၀)နာရီမှ ညနေ(၁၆:၀၀) နာရီထိ  ကသတ်ကျေးရွာမှ အိမ်ထောင်စု(၁၆၅)စုအတွက် စားအုန်းဆီပိဿာ(၁၆၅)ပိဿာ၊ လက်ခုပ္ပင်ကျေးရွာမှ အိမ်ထောင်စု(၂၉၈)စုအတွက် စားအုန်းဆီပိဿာ(၂၉၈)ပိဿာ၊ ဥယျာဉ်ကျေးရွာမှ အိမ်ထောင်စု(၁၉၃)စုအတွက် စားအုန်းဆီပိဿာ(၁၉၃)ပိဿာ၊ စုစုပေါင်းအိမ်ထောင်စု(၆၅၆)စုအတွက် စားအုန်းဆီပိဿာ(၆၅၆) ပိဿာရောင်းချပေးနေမှုများအား အလေးချိန်ပြည့်ဝမှန်ကန်မှုရှိစေရေး၊ ရောင်းချရာတွင် စနစ်တကျရှိစေရေးတို့ကို ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)