Main menu

ကလေးဝမြို့၊ အမှတ်-၂ ရပ်ကွက်ရှိ (မူလွန်-၂)ကျောင်းတွင် အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဉီးစီးဌာန၊ ကလေးဝမြို့နယ်တာဝန်ခံ ဦးကျော်ကျော်မိုး(ဒု-ကြီးကြပ်ရေးမှူး )သည် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ( ၂၅ ) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်၌  ကလေးဝမြို့၊ အမှတ်-၂ ရပ်ကွက်ရှိ(မူလွန်-၂) ကျောင်းသို့သွားရောက်၍ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ဆရာမ ( ၃၀ )ဦး၊ ကျောင်းသား/သူ ( ၃၈၀ ) ဦး၊ စုစုပေါင်း ( ၄၁၀ ) ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

     အဆိုပါဟောပြောပွဲတွင်  ကျောင်းအုပ်ဆရာကြီး ဦးစိန်မြင့်က အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဉီးစီးဌာန၊  ကလေးဝမြို့နယ်တာဝန်ခံ  ဦးကျော်ကျော်မိုး (ဒု-ကြီးကြပ် ရေးမှူး)က ဌာနမှဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအကြောင်း၊ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း၊ စားသုံးသူအခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနမှ စားသုံးရန်မသင့်ဟုကြေညာထားသည့် စားသောက်ကုန်များနှင့် သက်တမ်းလွန်စားသောက်ကုန်များကိုရောင်းချခြင်းမပြုရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် (၂/၂၀၁၉)ပါအကြောင်းများ၊ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့်နေရာများ၊ ဌာနနှင့်သက်ဆိုင်သော အကြောင်းများကိုမေးမြန်းစုံစမ်းနိုင်သည့် Concumer Call Center များနှင့်စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်းဆွေးနွေးအသိပညာပေးခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)