Main menu

မကွေးမြို့၊ ကန်သာစျေး၌ ပလတ်စတစ်သုံးစွဲမှု လျော့ချ‌ရေး အသိပညာပေး Campaign ပူးပေါင်းဆောင်ရွက်ပြီး ဆေးဆိုင်များ၌ ဆေးဝါးမှတ်ပုံတင်ခွင့်ပြုအမှတ်မပါရှိသော Parbisure ဆေးဝါးများ ရောင်းချမှုရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် မကွေးတိုင်းအတွင်းရှိစျေးများ၌ အပတ်စဉ် တနင်္လာနေ့တိုင်း ပလတ်စတစ်သုံးစွဲမှုမပြုရေး Campaign အား ဆောင်ရွက်လျက်ရှိရာ (၂၃.၁၀.၂၀၂၃) ရက်နေ့၊ နံနက်(၀၈:၀၀)နာရီတွင် မကွေးမြို့၊ ကန်သာစျေး၌ စည်ပင်သာယာရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စားသုံး သူရေးရာဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်‌ရေးမှူးတို့ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ပါသည်။

  ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်းပြီး မကွေးမြို့ ၊ဆေးရုံကြီးရှေ့ရှိ ဆေးဆိုင်များ၌ ဆေးဝါးမှတ် ပုံတင်ခွင့်ပြုအမှတ်မပါရှိသော တရားမဝင်တင်သွင်းလာသော Parbisure အမှတ်တံဆိပ် (IV/ HV Injection) ဆေးဝါးများရောင်းချမှုရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)