Main menu

အင်းတော်မြို့ရှိ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်သူများဘေးအန္တရာယ်ကင်းရှင်းသော ကုန်စည်များသုံးစွဲနိုင်ရန်ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းအား လစဉ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(၂၄)ရက်နေ့တွင် ကသာခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကြည်နိုင်ဦးသည် အင်းတော်မြို့ရှိ ကုန်စုံဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

   ထိုသို့စစ်ဆေးရာတွင် စားသောက်ကုန်များ၊ ကလေးအာဟာရဖြည့်စွက်စာများ၊ စားသုံးဆီဘူးများနှင့် အချိုရည်အမျိုးမျိုးတို့တွင် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ ကုန်စည်အလိုက်မဖြစ်မနေ ထည့်သွင်းဖော်ပြရမည့်အချက်များပြည့်စုံမှန်ကန်မှုရှိ/မရှိ၊ စားသုံးဆီဘူးများတွင် ထည့်သွင်းဖော်ပြရမည့် ညွှန်ကြားချက်အမှတ် (၁/၂၀၂၁) ပါ အချက်များနှင့် ကုန်စည်များတွင် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များပါဝင်မှုရှိ/မရှိ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး ရောင်းချသူဆိုင်ရှင်များအား ကုန်အညွှန်းအမှတ်အသားနှင့် သက်ဆိုင်ရာဌာနတို့၏ ထောက်ခံချက်ပြည့်စုံစွာပါဝင်ခြင်းမရှိသောကုန်စည်များမှာ စားသုံးသူများအား ဘေးအန္တရာယ်ဖြစ်စေနိုင်သည့်အတွက် ရောင်းချခြင်းမပြုရန်နှင့် မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ စားသုံးရန်မသင့်ဟု တရားဝင်ထုတ်ပြန်ထားသောစားသောက်ကုန်များနှင့် သက်တမ်းလွန်စားသောက်ကုန်များကိုလည်းရောင်းချခြင်းမပြုရန် မှာကြားဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)