Main menu

ဘားအံခရိုင်မီးသတ်ဦးစီးဌာနတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးမျိုးဝင်းနိုင်(ဦးစီးအရာရှိ)နှင့် ဝန်ထမ်းများသည် ကရင်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့်ပေါင်းစပ်၍ ၂၄-၁၀-၂၀၂၃ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဘားအံခရိုင် မီးသတ်ဦးစီးဌာနအစည်းအဝေးခန်းမတွင် မီးသတ်ဦးစီးဌာနဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ စုစုပေါင်း (၂၅)ဦးတို့ကို စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများ၊ အစားအသောက်နှင့် ဆေးဝါးအကြောင်း သိကောင်းစရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

   ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးမျိုးဝင်းနိုင် (ဦးစီးအရာရှိ)က စားသုံးသူများအနေဖြင့် ကုန်စည်ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ နစ်နာမှုများရှိပါက စားသုံးသူရေးရာဥပဒေပါ စားသုံးသူအခွင့်အရေးများကို အရေးဆိုတိုင်ကြားနိုင်ရန်နှင့် တိုင်ကြားရန်နည်းလမ်းများကိုလည်းကောင်း၊ ဌာန၏ Consumer Call Center ၁၅၃၅ သို့ တိုင်ကြားရန်နှင့် ဌာန Website www.doca.gov.mmတွင် တိုင်ကြားရန် နည်းလမ်းများကိုလည်းကောင်း၊ အွန်လိုင်းဝန်ဆောင်မှုနှင့် ပတ်သက်၍ စားသုံးသူများ သတိပြုရန်အချက်များကိုလည်းကောင်း အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး အစားအသောက်နှင့်‌ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အိသက်စံနှင့် ဦးစီးအရာရှိ ဒေါ်ယဉ်နွဲ့သူက အစားအသောက်ဆိုးဆေးအန္တရာယ်နှင့် စံမမီဆေးဝါးအတုများ အန္တရာယ်အကြောင်းကိုလည်းကောင်း အသီးသီးအသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြသည်။

          ထို့နောက်တက်ရောက်လာသော မြို့နယ်မီးသတ်ဦးစီးမှူးနှင့် ဝန်ထမ်းများက သိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ပြီး တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပြီးနောက် အခမ်းအနားကို နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

DOCA(ကရင်)