Main menu

စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး (Talk Show) ပြုလုပ်

Powered by Drupal

     ၁၈.၁၀.၂၀၂၃ ရက်နေ့တွင် မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မော်လမြိုင်ခရိုင်စားသုံးသူရေးရာဦးစီးဌာနဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ကို “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေး” ခေါင်းစဉ်ဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့ပါသည်။

     အဆိုပါ Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်အေးအေးမွန်က Talk Show ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အား ဆွေးနွေးခဲ့ပြီးနောက် မော်လမြိုင်ခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ဝါဝါမြိုင်က ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်ပြီး ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသားဆိုင်ရာပြဌာန်းချက်များ၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိစေရေးဦးစားပေး ကုန်စည်သတ်မှတ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးနေမှု အခြေအနေများအား အကျယ်တဝင့် ဆွေးနွေးခဲ့ပါသည်။

DOCA(မွန်)