Main menu

ပျဉ်းမနားမြို့နယ်၊ ယုဇနဈေး၌ စားသုံးသူကာကွယ်‌ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးအနေဖြင့် ၂၀၂၃ ခု နှစ်၊ အောက်တိုဘာလတတိယပတ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို (၂၀-၁၀-၂၀၂၃) ရက်နေ့တွင် ပျဉ်းမနားမြို့နယ်၊ ယုဇနဈေး၌ နေ့လယ် (၁၃:၀၀) အချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။ အသိပညာပေးဟောပြောပွဲတွင် နေပြည်တော်ခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသွင်၊ (ရုံးအုပ်)က စားသုံးသူကာကွယ်ရေး ဥပဒေပေါပေါက်လာပုံ၊ ဥပဒေတွင်ပါဝင်သော စားသုံးသူအဓိပ္ပါယ်နှင့် စားသုံးသူအခွင့်အရေး၊ တာဝန်များအကြောင်းတို့ကို အသိပေးပြောကြားခဲ့ပြီး ဦးစိန်ဝင်း၊ ဒု-ကြီးကြပ်ရေး  မှူးက စားသုံးသူများ နစ်နာဆုံးရှုံးမှုများနှင့် ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာနတွင် တိုင်ကြားနိုင်သော ဖုန်းနံပါတ်များ၊ Call Center ဖုန်းနံပါတ်နှင့် Website လိပ်စာတို့ကို ရှင်းလင်းပြောကြားခဲ့ ပါသည်။ ဈေးသူ/ဈေးသား စုစုပေါင်း(၁၅)ဦးခန့် တက်ရောက်ခဲ့ပြီး  ဟောပြောပွဲကို နေ့လယ် (၁၄:၃၀)  နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)