Main menu

ကန့်ဘလူခရိုင်တွင် သက်ဆိုင်ရာဌာနထောက်ခံချက်မရှိသော စားသုံးဆီများ ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူ များ ဈေးကွက်အတွင်း ဘေးကင်းလုံခြုံစိတ်ချရမှုရှိသော ကုန်စည်များဝယ်ယူသုံးစွဲနိုင်ရေး ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများအား လစဉ်ဆောင်ရွက်လျက်ရှိသည်။

        ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနမှ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့်ဝန်ထမ်း(၁)ဦးတို့သည် ကန့်ဘလူမြို့ အမှတ်(၄)ရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းချသည့်ဆိုင်များအား စားသုံးဆီများနှင့်စပ်လျဉ်း၍  အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ ထောက်ခံချက်ရှိ/မရှိနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)တို့ကို လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ မေဇင်ဟင်းသီး ဟင်းရွက်ဆီ(စားအုန်းဆီ)တွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့်ဖော်ပြထားပြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်လည်းပါရှိကြောင်း၊ မိတ်ဖက် ဌာနများနှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးရာတွင် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်မရှိသော စားသုံးဆီများရောင်းချမှုမရှိစေရေး လုပ်ငန်းရှင်များအား အသိပေးကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)