Main menu

ဆေးဝါးမှတ်ပုံတင်ခွင့်ပြုအမှတ်မပါရှိသော ဆေးဝါးများ ရောင်းချမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းသော ကုန်စည်များ သုံးစွဲနိုင်ရန်ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းအား လစဉ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ခုနှစ် အောက်တိုဘာလ(၁၉)ရက်နေ့တွင် ကသာခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကြည်နိုင်ဦးနှင့်အတူ ဌာနမှဝန်ထမ်းများသည် ကသာမြို့ပေါ်ရှိ ဆေးဆိုင်များတွင် ဆေးဝါးမှတ်ပုံတင်ခွင့်ပြုအမှတ်မပါရှိသော ဆေးဝါးများ ရောင်းချနေမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          စစ်ဆေးရာတွင် လက်ရှိဈေးကွက်အတွင်း FDA ၏ ထောက်ခံချက်နှင့် တရားဝင်တင်သွင်း ရောင်းချလျက်ရှိသည့် ဂျာမဏီနိုင်ငံထုတ် Pabrinex (IV/HV injection) အကြောအားဆေးနှင့် ဘူးခွံ design ဆင်တူပြီး ဆေးဝါးမှတ်ပုံတင်ခွင့်ပြုအမှတ်မပါရှိသော Parbisure (IV/HV Injection)အမှတ် တံဆိပ် ဆေးဝါးများအား ရောင်းချနေမှုများ ရှိသည့်အတွက် အဆိုပါ အမှတ်တံဆိပ်ဆေးများ ရောင်းချမှု ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ ကသာမြို့ပေါ်ရှိ ဆေးဆိုင်များတွင် Parbisure(IV/HV Injection)အမှတ်တံဆိပ်ဆေးများ ရောင်းချမှုမရှိကြောင်း တွေ့ရှိရပါသည်။ ဆက်လက်၍ စစ်ဆေးရေးမှူး ဦးကြည်နိုင်ဦးမှ ၎င်းအမှတ်တံဆိပ်ဆေးများမှာ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)၏ ထောက်ခံချက်နှင့် တရားဝင်ဆေးဝါးမှတ်ပုံတင်ခွင့်ပြုအမှတ် DRC No. နှင့် Insert မပါရှိ သည့်အတွက် ရောင်းချခြင်းမပြုရန် မှာကြားခဲ့ကြောင်းနှင့် ဆေးဆိုင်များအား ဆေးဘူး နမူနာမိတ္တူများ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)