Main menu

စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ဝန်ထမ်းစွမ်း ဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု Thursday Talk အသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ (၁၉.၁၀.၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားစေရန် ရည်ရွယ်၍ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူ ပြု Thursday Talk အသိပညာပေးဟောပြောဆွေးနွေးနှင့် စာပေစကားဝိုင်းဆွေးနွေးပွဲကို ကျင်းပ ပြုလုပ်ခဲ့ရာ အရာထမ်း/ အမှုထမ်း ဝန်ထမ်းစုစုပေါင်း ( ၄၃ ) ဦး တက်ရောက်ခဲ့ပါသည်။

      အဆိုပါ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု Thursday Talk အသိပညာ ပေးဟောပြောဆွေးနွေးပွဲတွင် ခေတ္တတိုင်းဒေသကြီးဦးစီးမှူး ဒေါ်ရီလင်းထွဋ်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး  မုံရွာမြို့နယ်တာဝန်ခံရုံးမှ ဒေါ်ခင်မြတ်မွန်(ဌာနခွဲစာရေး)က “ပင်စင်အကြောင်း” သိကောင်းစရာများကိုလည်းကောင်း၊ ရုံးစာကြည့်တိုက်မှ စာအုပ်များ ဖတ်ရှု့ပြီး နှစ်ပတ် တစ်ကြိမ် စာပေစကားဝိုင်းဆွေးနွေးခြင်းအနေဖြင့် တိုင်းဒေသကြီးဦးစီးမှူးရုံး၊ ငွေစာရင်းဌာနခွဲမှ ဒေါ်အိသဥ္ဇာဗိုလ် (အငယ်တန်းစာရေး)က  စာ‌ရေးဆရာ ဒေါက်တာဖြိုးသီဟ၏ ခေတ်သစ်၏ တောင်းဆိုမှုများ စာအုပ်အကြောင်းကိုလည်းကောင်း ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသော ဝန်ထမ်းများက သိလိုသည်များ   အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)