Main menu

ညောင်ဦးမြို့နယ်၊ နောက်အုံကျေးရွာနှင့် ချောင်းရှည်ကျေးရွာရှိ ပဲကြော်လုပ်ငန်း၊ အာလူးကျော်လုပ်ငန်းနှင့် မကျီးပလိပ်၊ မကျီးတော်ဖီလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးသန်းစိုးဦးဆောင်၍ (၈-၁၀-၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် ညောင်ဦးမြို့နယ်၊ အနောက်အုံကျေးရွာနှင့် ချောင်းရှည်ကျေးရွာများရှိ ပဲကြော်လုပ်ငန်း၊ အာလူးကြော်လုပ်ငန်းနှင့် မကျီးပလိပ်၊ မကျီးတော်ဖီလုပ်ငန်းများတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများနှင့်အညီ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။       အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များအား ဦးသန်းစိုးက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်ဆိုသည်မှာ ကုန်စည်ကိုထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြန်လည်ရောင်းချခြင်းကိုဖြစ်စေ၊ ထောက်ပံ့ပေးခြင်းကိုဖြစ်စေ၊ ဝန်ဆောင်မှုပေးခြင်းကိုဖြစ်စေ၊ ကြော်ငြာလုပ်ငန်းလုပ်ကိုင်ခြင်းကိုဖြစ်စေ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းနှင့်သော်လည်းကောင်း ဆောင်ရွက်သူကိုခေါ်ဆိုကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းကိုလည်းကောင်း၊ ဆက်လက်၍ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ဖော်ပြရမည့်အချက်တို့ကို သိသာထင်ရှားစွာဖော်ပြရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များသည် စီးပွားရေးကျင့်ဝတ်စည်ကမ်းများနှင့်အညီ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ မိမိ၏စီးပွားရေးတိုးတက်ဖို့တစ်ခုတည်းဖြင့် နည်းလမ်းမမှန်မကန်စီးပွားရှာမှုတို့ကိုရှောင်ရှားသင့်ကြောင်း၊ စားသုံးသူတို့ကို စိတ်စေတနာအပြည့်အဝထား၍ နည်းလမ်းမှန်ကန်စွာလုပ်ဆောင်ပေးပါက လုပ်ငန်းများအောင်မြင်ဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်းနှင့် ၎င်းတို့လုပ်ငန်းနှင့်သက်ဆိုင်သည့် ဖော်ပြပါဝင်ရမည့်ကုန်အညွှန်းအမှတ်အသားများနှင့် သိရှိလိုသည့်အချက်အလက်တို့ကို ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)