Main menu

မင်းပြားမြို့နယ်အတွင်းရှိ ပြည်သူများအား စားအုန်းဆီများသက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခြင်း

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင်တာဝန်ထမ်းဆောင်လျက်ရှိသော ဦးမောင်သန်းဝင်း (ဒု-ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် မင်းပြားမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ စားအုန်းဆီများကို ပြင်ပဈေးနှုန်းထက်သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် စီမံဆောင်ရွက်မှုဖြင့် စားအုန်းဆီများဖြန့်ဖြူး ရောင်းချပေးရာတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ စားအုန်းဆီများရောင်းချရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကော်မတီမှ ထုတ်ပြန်ပေးလျက်ရှိသော ရည်ညွှန်းဈေးအပေါ်အခြေခံ၍ လူတစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့် ရောင်းချပေးလျက်ရှိပါသည်။

   ယင်းသို့ ရောင်းချရာတွင်  မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူ များနှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်စီမံဆောင်ရွက်မှုဖြင့် ဒေသခံပြည်သူများအား စားအုန်းဆီများကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီတစ်ပိဿာလျှင် (ကျပ် ၅၀၀၀) နှုန်းဖြင့် ရောင်းချပေးလျက်ရှိရာတွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်း (၁၆) ရက်နေ့ထိ စားအုံးဆီအရောင်းကိုယ်စားလှယ် (၇) ဦး မှ မြို့ပေါ် (၈) ရပ်ကွက် ၊ ကျေးရွာ (၅) ရွာတွင် စားအုန်းဆီ (၁၁၂၉၀) ပိဿာ ရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရခိုင်)