Main menu

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ တွီးမာန်ကျေးရွာတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာ ပေးဟောပြောပွဲကျင်းပ

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တီးတိန်မြို့နယ်တာဝန်ခံ ဦးပြောင်ဒါလ်း(အကြီးတန်းစာရေး)သည်(၁၈-၁၀-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် တီးတိန်မြို့နယ်၊ တွီးမာန်ကျေးရွာတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

    အဆိုပါဟောပြောပွဲအခမ်းအနားတွင် ဦးပြောင်းဒါးလ်မှ အဖွင့်အမှာစကား ပြောကြားရာတွင် မြို့ပြ သာမက ကျေးလက်နေပြည်သူအားလုံး စားသူသုံးသူ၏ အခွင့်အရေးနှင့် ပတ်သက်သည့် အသိပညာပေးရေးလုပ်ငန်းများကို မိမိတို့ဦးစီးဌာနအနေဖြင့် တစိုက်မတ်မတ် အသိပညာပေး ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေတွင် ပြဋ္ဌာန်းထားသည့် စားသုံးသူ၏ အခွင့်အရေးနှင့်လုပ်ငန်းတာဝန်များ၊ ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်သည့် ပြဋ္ဌာန်းချက်များကို အများပြည်သူများ ပိုမိုနားလည်သဘောပေါက်စေရန် လာရောက်အသိပညာပေးခြင်း ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် အဆိုပါဟောပြောပွဲတွင် တက်ရောက်လာသော ပြည်သူများမှ စားသုံးသူအကာကွယ်ပေးရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးမှုများအပေါ် ဦးပြောင်ဒါးမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။ အခမ်းအနားသို့ တက်ရောက်သူဦးရေ စုစုပေါင်း (၅၂)ဦး ပါဝင်တက်ခဲ့ကြောင်း သိရသည်။

 

DOCA(ချင်း)