Main menu

ရွှေတောင်မြို့တွင်ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း‌ဆောင်ရွက်

Powered by Drupal

             ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ရှိ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ပြည်ခရိုင်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ၊ (၁)ရက်နေ့တွင် ရွှေတောင် မြို့နယ်ရှိ ဆေးဆိုင်နှင့် အလှကုန်ဆိုင်များအား ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ရှောင်တခင် ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။ အဆိုပါစစ်ဆေးခဲ့ရာတွင် ဆေးဆိုင်၊ အလှကုန်ဆိုင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံသည့် ကုန်ပစ္စည်းများသာ ရောင်းချရန် သက်တမ်းလွန် ကုန်ပစ္စည်းများရောင်းချခြင်းမပြုရန် မှာကြားခြင်း၊ စားသုံးသူအခွင့်အရေးနှင့် စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များအကြောင်း ရှင်းလင်းဆွေးနွေးခြင်းဖြင့် စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 DOCA(ပဲခူး)