Main menu

ဆိပ်ဖြူမြို့နယ် မြင်ကဝနှင့် ဂွေးပင်ချောင်းကျေးရွာ အခြေခံပညာစာသင်ကျောင်းများ၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် စားသုံးသူ အခွင့်အရေးနှင့် အကျိုးစီးပွားကိုကာကွယ်ရန်အတွက် ဆိပ်ဖြူမြို့နယ်တွင် တာဝန်ထမ်းဆောင်နေသော ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်သန်းနှင့်ဒေါ်တင်မာရီတို့သည် (၉.၁၀.၂၀၂၃)ရက်နေ့ နံနက်(၀၈:၃၀)အချိန်တွင် မြင်ကဝကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ဆရာ/ဆရာမ(၁၂)ဦး၊ ကျောင်းသား/ ကျောင်းသူ(၁၀၉)ဦး၊ စုစုပေါင်း(၁၂၁)ဦးနှင့် နံနက်(၁၀:၄၅)အချိန်တွင် ဂွေးပင်ချောင်ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း၌ ဆရာ/ဆရာမ(၉)ဦး၊ ကျောင်းသား/ကျောင်းသူ(၆၅)ဦး၊ စုစုပေါင်း (၇၄)ဦးတို့အားသွားရောက်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ ပါသည်။

   ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးက ကြိုဆိုနှုတ်ခွန်းဆက် အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်သန်းက ဌာန၏သမိုင်းကြောင်း၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနမှဆောင်ရွက်နေသည့် လုပ်ငန်းများအကြောင်းအား ရှင်းလင်းခဲ့ပါသည်။

 ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်တင်မာရီက  စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ အခန်း(၉)ပါ စားသုံးသူ များရရှိနိုင်မည့်အခွင့်အရေးများနှင့် လိုက်နာရမည့်တာဝန်များ၊ စားသုံးသူအခွင့်အရေးဦးစားပေးရန်မှာ အလွန်အရေးကြီးကြောင်း၊ စားသုံးသူများအနေဖြင့် အခြေခံလိုအပ်ချက်များအပေါ် စိတ်ကျေနပ်မှုရရှိခွင့်မှာ အရေးကြီးကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ အသုံးပြုရာတွင် သတင်းအချက်အလက်မှန်ကန်ပြည့်စုံစွာ ရရှိရန်လိုအပ်ကြောင်း၊ စိတ်ကြိုက်ရွေးချယ်ဝယ်ယူခွင့်ရှိကြောင်း၊ စားသုံးသူများအတွက် ကုန်စည်သုံးစွဲရာတွင်ဖြစ်စေ၊ ဝန်ဆောင်မှုရယူရာတွင်ဖြစ်စေ၊ ဘေးအန္တရာယ်ကင်းရှင်းမှုမှာ အလွန်အရေးကြီးသောကြောင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်ကိုက်ညီသည့် ကုန်စည်များအားစိစစ်ရွေးချယ်ဝယ်ယူစေလိုကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

  ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်သန်းက စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ ကုန်စည်များတွင် ဖော်ပြရမည့်ကုန်အညွှန်းအမှတ်အသားများကို နမူနာပစ္စည်းများပြသ၍ ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းပြီး ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာမပါလျှင် ဝယ်ယူစားသောက်ရောင်းချခြင်း မပြုစေလိုကြောင်း၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှသာလျှင် ဝယ်ယူသုံးစွဲစေလိုကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး ကုန်စည်နှင့်ဝန်ဆောင်မှုကို ဝယ်ယူ သုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောရေးဆိုခွင့်၊ တိုင်ကြားနိုင်ခွင့်နှင့် ပြန်လည် ကုစားနိုင်ခွင့်များနှင့် CICC ရုံးများ ဖွင့်လှစ်ထားရှိပြီးဖြစ်၍ နစ်နာသည့်စားသုံးသူများမှ တိုင်ကြားနိုင်ကြောင်း၊ DOCA Website ၊  Facebook စာမျက်နှာ၊ DOCA Myanmar Mobile Application နှင့်  Consumer Call Center (1535)တို့တွင် ဆက်သွယ်တိုင်ကြားနိုင်ကြောင်းတို့ကို အသေးစိတ်ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဥပဒေပါ အခွင့်အရေး(၈)ချက်ကို မေးမြန်းပြီး ဖြေဆိုနိုင်သော ကျောင်းသား၊ ကျေားင်းသူအား ဆုလက်ဆောင်များ ချီးမြှင့်ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)