Main menu

ကသာမြို့ပေါ်ရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းသော ကုန်စည်များသုံးစွဲနိုင်ရန်နှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသောကုန်စည်များ လျော့နည်းပပျောက်စေရန်ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(၁၂)ရက်နေ့၊ နံနက်ပိုင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကြည်နိုင်ဦးနှင့်ဝန်ထမ်းများသည် ကသာမြို့ပေါ်ရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

   ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ၌ တွေ့ရှိရသည့် ကလေးအာဟာရဖြည့်စွက်စာများ၊ စားသုံးဆီဘူးများ၊ အသင့်သောက်အချိုရည်အမျိုးမျိုးနှင့် မုန့်မျိုးစုံတို့တွင် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များ၊ စားသုံးဆီများတွင် ထည့်သွင်းဖော်ပြရမည့် ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)ပါ သတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးးခဲ့ကြပါသည်။ ဆက်လက်၍ ရောင်းချသူဆိုင်ရှင်များအား ကုန်ပစ္စည်းများရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိသော ကုန်ပစ္စည်းများကိုသာ အဓိကထားရောင်းချကြရန်နှင့် သက်တမ်းလွန်ကုန်စည်များ၊ မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှထုတ်ပြန်ထားသည့် တားမြစ်ကုန်စည်များ စသည်တို့ကိုလည်းရောင်းချခြင်းမပြုရန်မှာကြားခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် စားသုံးဆီများတွင် ထည့်သွင်းဖော်ပြရမည့် ညွှန်ကြားချက်အမှတ် (၁/၂၀၂၁) နှင့် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ  ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်တို့ကိုသိရှိစေရန် ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)