Main menu

ဂွမြို့နယ်အတွင်းရှိ ပြည်သူများအား စားအုန်းဆီများသက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခြင်း

Powered by Drupal

   ရခိုင်ပြည်နယ်အတွင်း ဒေသခံပြည်သူများအား စားအုန်းဆီများကို ပြင်ပဈေးနှုန်းထက် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း က ဦးစီး၍ ဂွမြို့နယ်တွင် ၂၀၂၃ ခု ၊ အောက်တိုဘာလတွင် မြို့မရပ်ကွက် တွင် (ပိဿာ-၈၀၀) ၊ မကျေးငူကျေးရွာ အုပ်စုတွင် (ပိဿာ-၈၀၀) ၊ ရဟိုင်းကူးတိုးကျေးရွာတွင်   (ပိဿာ-၈၀၀)၊ တောင်ပေါက်ကျေးရွာ တွင် အုပ်စုတွင်(ပိဿာ-၆၃၈)၊ ဒေါင်းချောင်းကျေးရွာအုပ်စုတွင် (ပိဿာ-၆၃၈)ကို ဂွမြို့နယ်ဆီလုပ်ငန်းရှင်များအသင်း ကိုယ်စားလှယ်ဦးဟိန်းမင်းထက်မှ တစ်ပိဿာလျှင် (ကျပ်-၅၀၀၀) ဖြင့် ရောင်းချခဲ့ ကြောင်း သိရှိရပါသည်။

   ယင်းသို့ ရောင်းချရာတွင်  စားသုံးသူရေးရာဦးစီးဌာနမှ ဂွမြို့နယ်တာဝန်ခံ ဒေါ်မာမာလေး  (ဦးစီးမှူး) ဦးဆောင်၍ မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက ဒေသခံပြည်သူများအား စားအုန်းဆီများကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီတစ်ပိဿာလျှင် (ကျပ် ၅၀၀၀) နှုန်းနှင့် ရောင်းချပေးလျက်ရှိရာတွင် ဂွမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်း(၁၆) ရက်နေ့ထိ  စားအုန်းဆီ (ပိဿာ -၃၆၇၆) ရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရခိုင်)