Main menu

လိုတရ သောက်ရေသန့်ထုတ်လုပ်သည့်လုပ်ငန်းအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဝင်မင်းစိုး (ဦးစီးအရာရှိ) နှင့်ဝန်ထမ်းများသည် (၉-၁၀-၂၀၂၃)ရက်နေ့တွင် ဓနုဖြူမြို့နယ်ရှိ လိုတရ သောက်ရေသန့်စက်ရုံသို့သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးသည် လိုတရ သောက်ရေသန့်စက်ရုံ၌ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)အရ ကုန်ညွှန်းအမှတ်အသားများဖော်ပြရာတွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဖော်ပြနိုင်ရေး၊ သောက်ရေသန့်အမည်၊ အလေးချိန်၊ ထားသိုသိမ်းဆည်းပုံတို့ကို မြန်မာဘာသာဖြင့်ဖော်ပြရန်နှင့် Expire Date၊ FDA ထောက်ခံချက်များ ပြည့်စုံစွာဖော်ပြခြင်းတို့ကိုစစ်ဆေးခဲ့ပြီး ဆက်လက်၍ စစ်ဆေးရေးမှူးနှင့်တာဝန်ရှိသူများသည် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို သိရှိလိုက်နာဆောင်ရွက်စေရန်လိုအပ်သောကြောင့် ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)