Main menu

ညောင်တုန်းမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့်မြို့နယ်ဝန်ထမ်းများသည် (၉-၁၀-၂၀၂၃)ရက်နေ့တွင် ညောင်တုန်းမြို့နယ်၊ ရပ်ကွက်(၁၀)ရှိ    ဓမ္မာရုံ၌ ပြည်သူလူထု(၁၅၈)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ကြပါသည်။

  ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများ စားသုံးသူအခွင့်အရေးအပြည့်အဝရရှိရေးနှင့် နစ်နာဆုံးရှုံးမှုကင်းရှင်းစေရေးတို့အတွက် အနေဖြင့် မျှတမှုရှိသောဥပဒေတစ်ရပ်ဖြင့် ကာကွယ်ပေးထားပြီး စီးပွားရေးလုပ်ငန်းရှင်တို့ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်နိုင်စေရန်အတွက် တိုင်း/ ခရိုင်/ မြို့နယ်အလိုက် စားသုံးသူကာကွယ်ရေးအသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ကွင်းဆင်းဟောပြောအသိပညာပေးလျက်ရှိကြောင်း၊ တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာများလည်းဖွင့်လှစ်ထားပြီး စားသုံးသူအခွင့်အရေးများ၊ နစ်နာဆုံးရှုံးမှုကို သိရှိနားလည်လာနိုင်ရန်လိုအပ်ကြောင်း၊ မိမိတို့အခွင့်အရေးနစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြတိုင်ကြားခွင့်များရှိသောကြောင့် ဌာနသို့ဆက်သွယ်တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ ဖြေရှင်းဆောင်ရွက်ပေးခဲ့သည့် စားသုံးသူတိုင်ကြားမှုဖြစ်စဉ်များကို အသိပညာပေးဟောပြောခဲ့ကြပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)