
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကျောင်းသားကျောင်းသူများ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတများရရှိစေရန်အတွက် အခြေခံပညာကျောင်းများတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများ ကျင်းပဆောင်ရွက်လျက်ရှိရာ ၂၀၂၃ခုနှစ်၊စက်တင်ဘာလ ၁၅ ရက်နေ့၊ နံနက်ပိုင်းတွင် အုတ်တွင်းမြို့နယ်၊ ဟင်းငုတ်ပင်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ကျောင်းသားကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့ပါသည်။
ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်ဝေလွင်က အဖွင့်အမှာစကားပြောကြားပြီး အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်က မိတ်ဆက်စကားပြောကြားပါသည်။
ဆက်လက်၍ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးစောသန်းထိုက်ကျော်က စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများကို အသိပညာပေးဟောပြောပြီး ဦးစီးမှူးဦးမင်းဇော်က ကျောင်းသား၊ကျောင်းသူများနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ ဗဟုသုတများကို မေးမြန်းဆွေးနွေးပါသည်။
ဟောပြောပွဲသို့ ဆရာ၊ဆရာမနှင့် ကျောင်းသားကျောင်းသူ ၂၃၉ ဦး တက်ရောက်ကြောင်းနှင့် ဟောပြောပွဲအပြီးတွင် ကျောင်းမုန့်ဈေးတန်း၌ ရောင်းချလျက်ရှိသောမုန့်များနှင့် အချိုရည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားခြင်း ရှိ/မရှိကို စစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရပါသည်။
DOCA(ပဲခူး)