Main menu

ဘိုကလေးမြို့တွင် လုပ်ငန်းရှင်များအား ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အသိပညာပေးဟောပြော

Powered by Drupal

 ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံအနေဖြင့် ကုန်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင်(၂၁)ဦးအား ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၁၅)ရက်နေ့၊ နေ့လယ်(၁၁:၀၀) နာရီအချိန်တွင် ဘိုကလေးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနရုံး၌ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့်တာဝန်များနှင့် ရောင်းချနေသောကုန်စည်များတွင် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိပါက ဈေးကွက်အတွင်းရောင်းချခြင်းမပြုကြရန်၊ ထုတ်လုပ်ထားသော ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုတွင် ဘေးအန္တရာယ်ရှိကြောင်းကို မိမိကိုယ်တိုင်သော်လည်းကောင်း၊ တခြားနည်းတစ်ခုခုအရသော်လည်းကောင်း သိရှိပါက သက်ဆိုင်ရာဦးစီးဌာနနှင့် စားသုံးသူများထံ အချိန်မီသိရှိနိုင်ရန် လူထုဆက်သွယ်ရေးနည်းလမ်းများဖြင့်ဖြစ်စေ၊ တခြားနည်းလမ်းများဖြင့်ဖြစ်စေ အသိပေးခြင်းနှင့် အငြင်းပွားမှုကိစ္စရပ်များဖြစ်ပေါ်လာခဲ့ပါက သက်ဆိုင်ရာကော်မတီ၏ ဖြေရှင်းဆောင်ရွက်ပေးမှုနှင့်ဆုံးဖြတ်ချက်ကို အလေးထားလိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)