Main menu

ကျိုက်လတ်မြို့တွင် ကုန်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင်များအား ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြော

Powered by Drupal

 ကျိုက်လတ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံအနေဖြင့် ကုန်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင်(၁၈)ဦးအား ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၁၁)ရက်နေ့၊ နေ့လယ် (၁၁:၀၀)နာရီအချိန်တွင် ကျိုက်လတ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနရုံးတွင် ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုများဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့်တာဝန်များနှင့် ရောင်းချနေသောကုန်စည်များတွင် သတ်မှတ်ထားသောကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိပါက ဈေးကွက်အတွင်းရောင်းချခြင်းမပြုကြရန်၊ ကုန်စည်(သို့မဟုတ်)  ဝန်ဆောင်မှု၏အာမခံချက်၊ သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သောသတင်းအချက်အလက်များပေးခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပွားစေမည့် ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုကို တိုက်ရိုက်ရောင်းချခြင်း (သို့မဟုတ်) သွယ်ဝိုက်ရောင်းချခြင်းများမပြုကြရန် အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)