Main menu

မအူပင် စိုးမိသားစု ဆန်စက်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းဆောင်ရွက်

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်ရှိ မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့်ဝန်ထမ်းများသည် မအူပင်ရေလဲလမ်းပေါ်ရှိ စိုးမိသားစု ဆန်စက်သို့သွားရောက်၍ (၆-၉-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင် ဆန်စက်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့်ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။

    ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူများအသုံးပြုသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစေရမည်ဟုမျော်မှန်းပြီး ယခု ဆန်စက်ရှိ စပါး/ဆန်ကြိတ်ခွဲထုတ်လုပ်ထွက်ရှိမှုများကို ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ပြီး အလေးချိန်မှန်ကန်စေရေး၊ ကုန်အညွှန်းအမှတ်အသားပြည်စုံစွာဖော်ပြနိုင်ရေး၊ ဆန်စက်အဆင့်မြှင့်ကြိတ်ခွဲထွက်ရှိနိုင်ရေးတို့ကိုမေးမြန်းစစ်ဆေးခဲ့ကြပြီးနောက် ဆန်စက်လုပ်ငန်းအဆင့်ဆင့်ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်းနှင့် ဆန်စက်နှင့်ပတ်သက်သော လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)