Main menu

ညောင်တုန်းမြို့၌ ကလေးအာဟာရဖြည့်စွက်စာ ကုန်စည်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့်ဝန်ထမ်းများသည် (၁၈-၉-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် ညောင်တုန်းမြို့၊ ကုန်မျိုးစုံအရောင်းဆိုင်၊ မြို့မဈေးအတွင်းရှိ မုန့်မျိုးစုံအရောင်းဆိုင်တွင် ရောင်းချနေသော ကလေးအာဟာရမုန့်အရောင်းဆိုင်သို့သွားရောက်၍ ကုန်စည်ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြ ပါသည်။

    ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးတာဝန်ရှိသူနှင့် မိတ်ဖက်တာဝန်ရှိစစ်ဆေးသူများက ဌာနတို့၏ခွင့်ပြုချက်၊ ထုတ်လုပ်မှုအမှတ်စဉ်နှင့်၊ ထောက်ခံချက်နှင့် ကုန်အညွှန်းဖော်ပြထားသော ကုန်စည်များကိုရောင်းချကြကြောင်း၊ လိုက်နာဆောင်ရွက်ခြင်းမရှိပါက အရေးယူဆောင်ရွက်ခြင်းခံရမည်ဖြစ်ကြောင်းနှင့် မိခင်နို့ရည် အစားထိုးအစာဖြင့် အာဟာရပြည့်ဝစွာမရရှိနိုင်သည့်ကလေးများအတွက် ထုတ်လုပ်ထားသည့်နို့ရည်နှင့် နို့မှုန့်များတွင် အသက်အပိုင်းခြားအလိုက် တိကျစွာဖော်ပြထားခြင်းမရှိပါက ကလေးငယ်များအန္တရာယ်ဖြစ်စေနိုင်ကြောင်း၊ သုံးစွဲရမည့်နည်းလမ်းအညွှန်းများကို မြန်မာဘာသာဖြင့်ဖော်ပြခြင်းမရှိပါက ကလေးငယ်များကျန်းမာရေးဆိုင်ရာထိခိုက်မှုများရှိနိုင်သောကြောင့် ကုန်အညွှန်းအမှတ်အသားပါဝင်ခြင်းရှိ/မရှိကို စစ်ဆေးရခြင်းဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များသည် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်လိုက်နာရမည့်တာဝန်များကို လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း ရှင်းလင်းပေးခဲ့မှုကိုသတင်းရရှိပါသည်။

DOCA(ဧရာဝတီ)