Main menu

ကံမမြို့၌ ဆေးပစ္စည်းဆိုင်များအား အထူးဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် (၁၃-၉-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် သရက်ခရိုင်၊ ကံမမြို့နယ်၊ အမှတ် (၁၊၂၊၃၊၄)ရပ်ကွက်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်(၅)ဆိုင်သို့သွားရောက်၍ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

   ထိုသို့ စစ်ဆေးခဲ့ရာ စားသုံးသူရေးရာဦးစီးဌာနဝန်ထမ်းများက ဈေးနှုန်းများအဆမတန်မြှင့်တင်ရောင်းချမှုမရှိစေရေး၊ တားမြစ်ဆေးနှင့်သက်တမ်းလွန်ဆေးများ ရောင်းချမှုမရှိစေရေး ပြောကြားခဲ့ပြီး တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဆေးဆိုင်များတွင်လိုင်စင်များရှိ/မရှိ မေးမြန်းကောက်ယူခြင်း၊ ဆေးနှင့်ဆေးပစ္စည်းများတို့ကိုစနစ်တကျထားရှိရန်၊ မှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးနှင့်ဆေးပစ္စည်းများရောင်းချခြင်းမပြုရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)