Main menu

ချောက်မြို့၊ ဆန်ကုန်သည်များအသင်းမှ ‌ဒေသခံပြည်သူများအား ဆန်များလှူဒါန်းပေးလျက်ရှိ

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၊ သာသနာ့ဗိမာန်တော်ကြီး၌ (၁၄-၇-၂၀၂၃) ရက်နေ့၊ နံနက်(၀၇:၀၀)နာရီအချိန်မှစတင်၍ ဒေသခံပြည်သူများ အထောက်အပံ့ရရှိစေရန်ရည်ရွယ်ပြီး မြို့နယ်ဆန်ကုန်သည်များအသင်းအနေဖြင့် ဆန်များလှူဒါန်းပေးလျက်ရှိကြောင်းသိရသည်။ ဆန်များကို မြို့နယ်ဆန်ကုန်သည်များအသင်းဥက္ကဋ္ဌ ‌ဒေါ်စန်းမြင့်ဦးဆောင်၍ အလှူရှင်(၁၄)ဦးက မြို့ပေါ်ရပ်ကွက်(၁၅) ရပ်ကွက်ရှိ ပြည်သူများအား လှူဒါန်းပေးခြင်းဖြစ်ကြောင်းသိရပါသည်။

    ထိုသို့ လှူဒါန်းပေးရာတွင်မြို့ပေါ်ရပ်ကွက် (၁၅)ရပ်ကွက်ရှိ အခြေခံလူတန်းစားများအား လှူဒါန်းပေးခြင်းဖြစ်ပြီး ဆန်(၂၄)ပြည်ပါ ဆန်အိတ် (၂၃၉)အိတ်ကို လှူဒါန်းပေးသွားမည်ဖြစ်ကြောင်းနှင့် အိမ်ထောင်စုတစ်စုလျှင် ဆန်(၁)ပြည်နှုန်းဖြင့် အခြေခံလူတန်းစားအိမ်ထောင်စု (၅၇၃၆)စုကို ထောက်ပံ့ပေးနိုင်သွားမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ ဆန်ရောင်းချပေးနေမှုအခြေအနေကို ချောက်ခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့က ကြည့်ရှုအားပေးခဲ့ကြောင်းသိရပါသည်။

DOCA(မကွေး)