Main menu

မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အသိပညာ‌ပေးဟောပြောပွဲနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ‌ချောက်မြို့၌ ကျောင်းသား/ ကျောင်းသူများအား ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို (၁၂-၉-၂၀၂၃)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် အမှတ်(၄)အခြေခံပညာမူလတန်းလွန်ကျောင်း(ရွာဟောင်း)ရှိ ပညာရတနာခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

   ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောရာတွင် လူကုန်ကူးမှုအဓိပ္ပါယ်၊ လူကုန်ကူးမှုဖြစ်ပေါ်ရသည့်အကြောင်းအရင်းများ၊ လူကုန်ကူးမှုအမျိုးအစားပုံစံများ၊ လူကုန်ကူးမှုမခံရရေးသိရှိထားသင့်သည့်အချက်များ၊ လူကုန်ကူးမှုပပျောက်ရေး ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောမြဖောင်းက “သဘာဝဘေး အသိပညာပေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အကြီးတန်းစာရေးဒေါ်ချယ်ရီခိုင်က “အားကစားနှင့် လူငယ်ရေးရာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒု-ဦးစီးမှူးဒေါ်ခင်ချိုချိုဝင်းက “လူငယ်နှင့်ဗလငါးတန်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ဦးစီးမှူး ဒေါ်ချိုဝေလွင်က “ကုန်အညွှန်းအမှတ်အသားပြည်စုံစွာပါဝင်သည့် ပစ္စည်းများအား ဝယ်ယူသုံးစွဲတတ်စေရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာန၊ ဒု-ဦးစီးမှူးဦးစိုးဝဏ္ဏထင်က “အိုဇုန်းလွှာအကြောင်း သိကောင်းစရာ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးပြောကြားခဲ့ကြသည်။

     ဆက်လက်၍ ကျောင်းသား/ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသည့် လူကုန်ကူးမှုဆိုင်ရာအသိပညာပေး နံရံကပ်စာစောင်တို့ကိုကြည့်ရှုခဲ့ကြပြီး သိရှိလိုသည်များမေးမြန်းမှုအပေါ် ဝန်ထမ်းများက ပြန်လည်ရှင်းလင်းဖြေကြားပေးခြင်း၊ သက်ဆိုင်ရာဌာနအလိုက် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းတို့းဆောင်ရွက်ခဲ့ကြောင်းသိရသည်။ အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်လှမြင့်မော်နှင့် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၁၆၂)ဦးတက်ရောက်ခဲ့ကြောင်းသိရပါသည်။

DOCA(မကွေး)