Main menu

ဘီးလင်းမြို့ရပ်ကွက်များရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသောစားအုန်းဆီအမျိုးမျိုးအား ဈေးကွက်ကွင်းဆင်းစစ်ဆေး

Powered by Drupal

    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၁၈.၉.၂၀၂၃ ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြတ်ကျော်မှ ဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဘီးလင်းမြို့ ရပ်ကွက်များရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားအုန်းဆီများကို ဝယ်ယူဈေးနှုန်းနှင့်ပြန်လည်ရောင်းချသည့်ရောင်းဈေးများ မကွာဟစေရန်၊ တရားမဝင်တင်သွင်းသောဆီများအား ရောင်းချခြင်းမပြုရန်အတွက် လက်လီတင်သွင်းသည့် ကုန်သည်အမည်၊ လိပ်စာတို့ကို စစ်ဆေးပြီးနောက် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူများ ဘေးအန္တရာယ်ကင်းစေရေးအတွက် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသောကုန်စည်များကိုသာ ရောင်းချရန်၊ တားမြစ်ထားသော ကုန်စည်များအား ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးမှုမရှိစေရန်အတွက် အသိပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)