Main menu

ကျိုက်ထိုမြို့နယ်တာဝန်ခံမှ ဆန်စက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

   ၁၈.၉.၂၀၂၃ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုမြို့နယ် တာဝန်ခံသည် မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ကျိုက်ထိုမြို့နယ်ရှိ ဆန်စက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

      ထိုသို့ တွေ့ဆုံရာတွင် ဆန်စက်လုပ်ငန်းရှင်များ၏ ဆန်စက်လည်ပတ်မှုအခြေအနေ၊ ကြိတ်ခွဲနိုင်မှု အခြေအနေ၊ စပါးဝယ်ယူသိုလှောင်ထားရှိမှု အခြေအနေ၊ ဆန်စပါးလက်ရှိဖြစ်ပေါ်နေသော ဈေးနှုန်း၊ သယ်ယူဖြန့်ဖြူးမှု အခြေအနေများ၊ ဆန်စက်ပိုင်ရှင်၏ လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးခဲ့ရာ  စပါးများကို ပေါင်၊ သထုံ၊ ဘီးလင်းမြို့နယ်များမှ ဝယ်ယူကြောင်း ကုန်ချောများ ကို ကျိုက်ထိုမြို့နယ်အတွင်း၌ အဓိကရောင်းချ ကြောင်း ၊ ဘီးလင်း၊ သထုံမြို့နယ်များသို့ အနည်းငယ် တင်ပို့ရောင်းချကြောင်း၊ ကုန်ကြမ်းဝယ်ယူသိုလှောင် ရန် မတည်ရင်းနှီးငွေအခက်အခဲနှင့်ပတ်သက်၍ တင်ပြချက်အပေါ် နိုင်ငံတော်မှ MSME လုပ်ငန်းရှင်များသို့ ချေးငွေထုတ်ချေးမှုနှင့် ပတ်သက် သည့် သတင်းအချက်အလက်များအား ဖြန့်ဝေပေး ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)