Main menu

ညောင်တုန်း စက္ကော့ အထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် (၁၆.၉.၂၀၂၃) ရက်နေ့ ၊(၀၉:၃၀)နာရီအချိန်တွင် ညောင်တုန်းမြို့နယ် စက္ကော့ကျေးရွာရှိ အထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ကြပါ သည်။

   အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနသည် ဌာန၏မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုး တိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေး လုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေအရ စားသုံးသူအခွင့်အရေး၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ ကုန်စည်/ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများအ‌ကြောင်း ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း အချက်အလက်များအကြောင်းတို့ကို ရှင်းလင်းဟောပြောပြီး၊ စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုရှိလာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်း၊ ဦးစီးဌာနသည် စားသုံးသူအခွင့်အရေးးနစ်နာဆုံးရှုံးမှု ဖြစ်စဉ်များနှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်ခဲ့ပုံများကို သိရှိနိုင်ရန် ပညာပေးဟောပြောခဲ့ကြပြီး ကျောင်းသား/ကျောင်းသူ (၄၀၀) ဦးတက်ရောက်ခဲ့ပြီး သိရှိလိုသည်များကို မေးမြန်းခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)