Main menu

ကန့်ဘလူမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်အနေဖြင့်  ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာတို့ပူး ပေါင်း၍ (၁၃.၉.၂၀၂၃)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ကုန်စုံဆိုင်များသို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍  စားသုံးသူကာကွယ်ရေး ဥပဒေပါပြဌာန်းချက်များနှင့်အညီ ကိုက်ညီခြင်းရှိ /မရှိ သွားရောက်၍ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

   ထိုသို့စစ်ဆေးရာတွင် Feelအမှတ်တံဆိပ်ပါ ပြောင်းဖူးအရသာဝေဖာတွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ မြန်မာဘာသာဖြင့် သိသာထင်ရှားစွာဖော်ပြရ မည့်ကုန်စည်၏အမျိုးအမည် ၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ သုံးစွဲပုံနည်းလမ်းများ ပြည့်စုံစွာ ဖော်ပြပါရှိကြောင်းစစ်ဆေးတွေ့ရပြီး စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ ၊ ပြစ်မှုပြစ်ဒဏ်များကို သိရှိနားလည်စေရန်နှင့် ဆိုင်ပိုင်ရှင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသည့် ကုန်စည်များဈေးကွက်အတွင်း ရောင်းချမှုမပြုရန် ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)