Main menu

ကန့်ဘလူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အစီအစဉ်ဖြင့် စားအုန်းဆီများရောင်းချ

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏အစီအစဉ်ဖြင့် ကန့်ဘလူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဆီကုန်သည်များနှင့်ပူးပေါင်းကာ (၁၁.၉.၂၀၂၃)ရက်နေ့မှစ၍ (၁၅.၉.၂၀၂၃) ရက်နေ့ထိ ၊နေ့စဉ်နံနက် (၀၇:၀၀)နာရီ ကန့်ဘလူမြို့စည်ပင်သာယာခန်းမတွင် စားအုန်းဆီများကို ပြည်သူများ၏ လက်ဝယ် အရောက် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

       အဆိုပါ စားအုန်းဆီများရောင်းချပေးရာတွင် စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်း ဖြင့် စားအုန်းဆီများဝယ်ယူရရှိစေရန်နှင့် ပြည်သူများစားဝတ်နေရေး အဆင်ပြေချောမွေ့စေရေးအတွက် စားအုန်းဆီ(၁)ပိဿာလျှင် (၅၀၀၀)ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် (၅၀)ကျပ်သားနှုန်း (၂၅၀၀) ကျပ်ဖြင့် လူဦးရေ (၆၆၀၀)ဦးအား ရောင်းချပေးခဲ့ကြောင်း ၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီကြပ်ရေးကော်မတီမှ ထုတ်ပြန်ပေးလျက်ရှိသော စားအုန်းဆီ တစ်ပိဿာရည်ညွှန်းဈေးဖြင့် ရရှိသည့်အပေါ်မူတည်၍ ဆက်လက်ရောင်းချပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း ဆီကုန်သည်ဦးနွေဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)