Main menu

ပြည်မြို့၌ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊ အရေး၊ အတီးပြိုင်ပွဲ (ခရိုင်အဆင့်ပြိုင်ပွဲ) ကျင်းပ

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကျင်းပသော (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ပြည်မြို ၊ အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်း၊ သီရိရတနာခန်းမ၌ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (၃)ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ အဆိုပါ ပြိုင်ပွဲ၌ ပြည်ခရိုင်နှင့် ခရိုင်အတွင်းရှိ မြို့နယ်(၄)မြိုနယ်တို့မှ ကျောင်းသား/ကျောင်းသူများက အခြေခံပညာအဆင့်၌လည်းကောင်း၊ တက္ကသိုလ်အဆင့် ကျောင်းသား/သူများက အဆင့်မြင့်ပညာအဆင့်၌လည်းကောင်း၊ ဝါသနာရှင်များက ဝါသနာရှင်အဆင့်၌လည်းကောင်း၊ စုစုပေါင်းပြိုင်ပွဲဝင် (၄၆) ဦး အသီးသီးပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ခရိုင်အဆင့်ပြိုင်ပွဲတွင် ပထမဆုရရှိသူများအနေဖြင့် တိုင်းအဆင့်သို့ ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး တိုင်းအဆင့် ဆုရရှိသူများအနေဖြင့် ဗဟိုအဆင့်သို့ ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်းသိရပါသည်။ အဆိုပါပြိုင်ပွဲတို့ကို ရိုးရာယဉ်ကျေးမှုအမွေအနှစ်များမပျောက်ပျက်စေရန်ရည်ရွယ်ပြီး ကျင်းပနေခြင်းဖြစ်ပြီး ပြည်မြို့အနေဖြင့်လည်း ရှေးယခင် သားရေခတ္တရာ  ပျူခေတ်ကတည်းက ပျူယဉ်ကျေးမှုအကများ၊ တူရိယာများဖြင့် တီးမှုတ်ကခုန်ခြင်းများရှိခဲ့ကြရာ ခေတ်အဆက်ဆက် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး၊ ရိုးရာယဉ်ကျေးမှုများ မပပျောက်စေရေးတို့အတွက် နှစ်စဉ်ပြိုင်ပွဲများကျင်းပလာသည်မှာ (၂၄) ကြိမ်တိုင်ခဲ့ပြီဖြစ်ပါသည်။  အဆိုပါပြိုင်ပွဲသို့ ပြည်ခရိုင်ဒေသကွပ်ကဲရေးစစ်ဌာနချုပ်မှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ ပြိုင်ပွဲဝင် ကျောင်းသား/သူများ၊ ဝါသနာရှင်များတက်ရောက်ခဲ့ကြပြီး ပြည်တက္ကသိုလ်မှ ကျောင်းသား/ သူများက ပျူယဉ်ကျေးမှုအကဖြင့် ကပြဖျော်ဖြေခဲ့ကြောင်းသိရှိပါသည်။

DOCA(ပဲခူး)