Main menu

ရေတာရှည်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးမှူးရုံးတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးခြင်းများဆောင်ရွက်လျက်ရှိရာ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးက ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၇ရက်‌နေ့ နံနက်ပိုင်းတွင် ရေတာရှည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌ စာဖတ်ဝိုင်းသို့ တက်ရောက်လာသော ကျောင်းသား/ သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာများ အသိပညာပေးဟောပြောခဲ့ပါသည်။

    ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်များကိုဝယ်ယူသုံးစွဲရာတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာဝယ်ယူသုံးစွဲသင့်ပုံများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်ရုံးများတွင် ဖွင့်လှစ်ထားသည့် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC)များတွင် တိုင်ကြားနိုင်ခြင်းများကို ဟောပြောခဲ့ပါသည်။

 ဟောပြောပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယမြို့နယ်ဦးစီးမှူး ဒေါ်ကြူကြူခိုင်နှင့် စာပေဝါသနာရှင်များ၊ ရေတာရှည်မြို့၊ အမှတ်(၄)ရပ်ကွက်၊ အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား/ သူ ၃၀ဦးတက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)