Main menu

မြိတ်မြို့၊ သာကေတရပ်၊ အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး

Powered by Drupal

   တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ‌ရေးဦးစီးဌာနနှင့် ခရိုင်အသေးစားစက်မှုူလက်မှုလုပ်ငန်း ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ၂၀၂၃ခုနှစ် ၊စက်တင်ဘာလ(၁၅)ရက်နေ့တွင် အခြေခံပညာမူလတန်း(လွန်)ကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား ဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်များ ဝယ်ယူစားသုံး‌စေရေး ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများ ဟောပြောခဲ့ပါသည်။

     အဆိုပါ ဟောပြောပွဲတွင် စားသုံးသူများအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော အကြောင်းအရာများ(ကုန်အညွှန်းအမှတ်အသားမပြည့်စုံသောစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ၊ အန္တရာယ်ရှိသော ဆိုးဆေးများ၊  တားမြစ်ထားသော စားသောက်ကုန်များ)၊ စားသုံးသူများအတွက် အခွင့်အရေးနှင့်တာဝန်များအပြင် နစ်နာဆုံးရှုံးမှုများကြုံတွေ့ရပါက တိုင်ကြားနိုင်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ဖော်ပြရမည့်အချက်အလက်များ၊ အစားအသောက်များ ချက်ပြုတ်မစားသောက်မီ သတိပြုဆင်ခြင်ရမည့်အချက်များအပြင် အစားအသောက်ခွင့်ပြုထောက်ခံချက်များအကြောင်း ဆွေးနွေးပြောကြား ခဲ့ပါသည်။ဟောပြောပွဲသို့ ဆရာ/မ၊ ကျောင်းသား/သူ စုစုပေါင်း (၁၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)