Main menu

လေးမျက်နှာမြို့လမ်းဆုံတွင် သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများဖြန့်ဖြူးရောင်းချ

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နည်စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့သည် (၁၂.၉.၂၀၂၃) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် လေးမျက်နှာမြို့လမ်းဆုံတွင် ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများဖြန့်ဖြူး ရောင်းချပေးလျက်ရှိကြောင်း သိရပါသည်။

    စားအုန်းဆီများရောင်းချရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ပေးလျက်ရှိသော စားအုန်းဆီ တစ်ပိဿာရည်ညွှန်းဈေးအပေါ် အခြေခံ၍ သယ်ယူပို့ဆောင်ခပါ ကုန်ကျစရိတ်တွင် အမြတ် ၂ ရာခိုင်နှုန်းတွက်ချက်၍ ရောင်းချပေးခြင်းဖြစ်ပြီး လူတစ်ဦးလျှင် ၅၀ ကျပ်သား(၂၂၅၀)ကျပ်နှုန်းဖြင့် စုစုပေါင်း ပိဿာချိန် (၂၂၀) ပိဿာခန့်အား အချက်အချာကျသော လူစည်ကားရာလမ်းဆုံ ရပ်ကွက်သို့ ဈေးကားများဖြင့် လှည့်လည်ရောင်းချလျက်ရှိကြောင်း စားသုံးဆီကုန်သည်များနှင့် စားသုံးဆီလုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)