Main menu

ပဲခူးတိုင်းဒေသကြီးအတွင်း အမှတ်တံဆိပ်ပါ အချိုရည်အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

   စားသုံးသူများသုံးစွဲလျက်ရှိသော ကုန်စည်များနှင့်စပ်လျဉ်း၍ အန္တရာယ်ကင်းရှင်းရေးနှင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်စေရေးအတွက် စားသုံးသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များအကြား သတိပေးချက် ( Alert ) တစ်ခုဖြစ်စေရန်နှင့် စားသုံးသူအတွက်လည်း ဘေးအန္တရာယ်ကင်းရှင်းသော ကုန်စည်များကိုသာဝယ်ယူရရှိနိုင်ရန်ရည်ရွယ်၍ စားသုံးဆီအမျိုးမျိုးကို ဇူလိုင်လ ပထမရက်သတ္တပတ် (၂) ပတ်အတွင်း၌လည်းကောင်း၊ အသင့်သောက်အချိုရည်အမျိုးမျိုးအား သြဂုတ်လ ပထမ ရက်သတ္တပတ် (၂) ပတ်အတွင်း၌လည်းကောင်း၊ အာဟာရဖော်စပ်ဖြည့်စွက်စာအမျိုးမျိုးကို စက်တင်ဘာလ ပထမရက်သတ္တပတ် (၂)ပတ်အတွင်း၌လည်းကောင်း၊ သတ်မှတ်ကာလအလိုက် ဈေးကွက်စောင့်ကြည့်စစ်ဆေးရန် ညွှန်ကြားဆောင်ရွက်ခဲ့ပြီး ပဲခူးတိုင်းဒေသကြီးအနေဖြင့် ဩဂုတ်လအတွင်း မြို့နယ် ၂၈မြို့နယ်ရှိ ခရိုင်/မြို့နယ်များဖြစ်သော စည်ပင်သာယာဈေးများ၊ စတိုးဆိုင်များ၊ လက်လီလက်ကားဆိုင်များ စသည့်လွှမ်းခြုံနိုင်သည့် နယ်ပယ်အလိုက် စုစုပေါင်းဆိုင် (၁၄၂) ဆိုင်အား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)